Myanmar Keyboards for Ubuntu

mm-kb.deb ဆိုတဲ့ ဖိုင်လေးကို ပြန်ပြင်ထားတာပါ။ Ubuntu မှာက အခုနောက်ပိုက် deb ဖိုင်တွေကို အရင်လို double click နှိပ်ပြီး install တမ်းလုပ်လို့အဆင်မပြေတော့ပါဘူး။  အဲ့လိုသွင်းလို့ရဖို့ gDebi ဆိုတာထပ်သွင်းရပါတယ်။ အဲဒါမသွင်းချင်ရင် terminal ကနေ dpkg command နဲ့ သွင်းရပါတယ်။ နောက်ပြီး mm-kb.deb ဖိုင်ကိုသွင်းပြီးရင် IBus ကို run ပေးရတာ input method သွားရွေးပြီးထည့်ပေးရတာ၊ Input Method ကို default xkb အစား IBus သုံးမယ်ဆိုတာတွေကို manually configure လုပ်ပေးရပါတယ်။ အခုဒီ installation script လေးမှာတော့ အဲဒါတွေကို auto လုပ်ပေးသွားမှာပါ။ နောက်ပြီး ယူနီကုတ်၊ ...

စလုံးရေ… စ ;)

Ubuntu ကိုချစ်တဲ့၊ Ubuntu ကို စိတ်ဝင်စားတဲ့ သူငယ်ချင်းများအားလုံး၊ အားလုံးပဲ… မင်္ဂလာပါ။ ကျွန်တော် အရင်က u4mm.com မှာ seriousblaze ဆိုတဲ့နာမည်နဲ့ blog post လေးတွေရေးတင်ခဲ့ဖူးပါတယ်…။ အဲဒီတုန်းကတော့ Ubuntu 10.04 LTS ကိုပဲဆွဲဆွဲမြဲမြဲသုံးနေခဲ့တာဆိုတော့ တင်သမျှ post အများစုက အဲဒီ version နဲ့ပတ်သက်ပြီးတော့ပဲ အဓိကထားရေးဖြစ်ခဲ့ပါတယ်…။ ဒါပေမယ့် အဲဒီ blog လေး ပျက်သွားပြီးနောက်ပိုင်း ရေးစရာနေရာမရှိတော့တာနဲ့ ကျွန်တော်လည်း ဆက်မရေးဖြစ်တာတော်တော်ကြာသွားပါတယ်…။ တခါတလေ မှသာ Facebook Group ထဲမှာ Notes လေးတွေးရေးတင်ဖြစ်တော့ပါတယ်…။ အခု ကိုကိုရဲက blog အသစ်ကလေးတစ်ခုထပ်ပေးတော့ မရေးမနေ ထပ်ရေးမှဖြစ်တော့မှာမို့ ဒီကနေ့စပြီး မိတ်ဆက်လိုက်တာပါ…။ ပေးထားတာတော့ တော်တော်ကြာပါပြီ။ အစကတော့ ...