စလုံးရေ… စ ;)

Ubuntu ကိုချစ်တဲ့၊ Ubuntu ကို စိတ်ဝင်စားတဲ့ သူငယ်ချင်းများအားလုံး၊ အားလုံးပဲ… မင်္ဂလာပါ။ ကျွန်တော် အရင်က u4mm.com မှာ seriousblaze ဆိုတဲ့နာမည်နဲ့ blog post လေးတွေရေးတင်ခဲ့ဖူးပါတယ်…။ အဲဒီတုန်းကတော့ Ubuntu 10.04 LTS ကိုပဲဆွဲဆွဲမြဲမြဲသုံးနေခဲ့တာဆိုတော့ တင်သမျှ post အများစုက အဲဒီ version နဲ့ပတ်သက်ပြီးတော့ပဲ အဓိကထားရေးဖြစ်ခဲ့ပါတယ်…။ ဒါပေမယ့် အဲဒီ blog လေး ပျက်သွားပြီးနောက်ပိုင်း ရေးစရာနေရာမရှိတော့တာနဲ့ ကျွန်တော်လည်း ဆက်မရေးဖြစ်တာတော်တော်ကြာသွားပါတယ်…။ တခါတလေ မှသာ Facebook Group ထဲမှာ Notes လေးတွေးရေးတင်ဖြစ်တော့ပါတယ်…။ အခု ကိုကိုရဲက blog အသစ်ကလေးတစ်ခုထပ်ပေးတော့ မရေးမနေ ထပ်ရေးမှဖြစ်တော့မှာမို့ ဒီကနေ့စပြီး မိတ်ဆက်လိုက်တာပါ…။ ပေးထားတာတော့ တော်တော်ကြာပါပြီ။ အစကတော့ April မှစရေးမယ်လို့စိတ်ကူးထားပေမယ့် ဒီနေ့ ၁၃/၃/၁၃ ဆိုတဲ့ နေ့စွဲလေးက မှတ်လို့လွယ်မယ်ထင်တာကြောင့်စရေးဖြစ်ခဲ့တာပါ။ ကျွန်တော်ရေးမှာတွေကတော့ အရင် ကျွန်တော် Ubuntu စသုံးကာစတုန်းကလိုပဲ… လိုအပ်တာလေးတွေ၊ ကြုံရတဲ့အခက်အခဲလေးတွေ၊ အဲဒီအခက်အခဲလေးတွေကိုရှင်းနိုင်တဲ့နည်းလေးတွေ၊ ထူးခြားချက်၊ အားသာချက်၊ အားနည်းချက်လေးတွေနဲ့ Tips and Tricks လေးတွေကိုပဲအဓိကထားရေးသွားမှာပါ။ Application တွေတိုင်းကိုတော့ သုံးပုံသုံးနည်း အသေးစိပ်မရေးပေးနိုင်ပေမယ့် ကျွန်တော်ကြိုက်တဲ့ သုံးနေကျ application လေးတွေ၊ သုံးလို့ကောင်းတဲ့ application လေးတွေ၊ သုံးသင့်တဲ့ application လေးတွေကိုတော့ Review အနေနဲ့ရော အသုံးပြုတဲ့ပုံစံလေးတွေပါရေးပေးဖို့တော့ အစီအစဉ်ရှိပါတယ်။ နောက်တစ်ခုကတော့ Shell Script ရေးတာနဲ့ CLI အသုံးပြုတာတွေကို Tutorial အနေနဲ့ရေးမယ်ဆိုပြီး မရေးဖြစ်ခဲ့တာလေးကိုဒီ blog အသစ်လေးမှာ တတ်သလောက် ကြိုးစားပြီးရေးပေးသွားပါ့မယ်။ ရေးပေးမှာတွေ ရေးပေးချင်တာတွေကို အခုလိုတန်းစီပြီပြောထား ရေးထားလိုက်တာကြောင့် မဖြစ်မနေရေးဖြစ်သွားမယ်လို့တို့ထင်ပါတယ်။ 😀

သူငယ်ချင်းများအားလုံး Ubuntu နဲ့ FOSS တွေကို လွတ်လပ်စွာ အသုံးချနိုင်ကြပါစေ…။ 🙂

Leave a Reply