Elementary OS – Review (1)

လက်ရှိ Laptop မှာ Ubuntu 12.04 LTS ပဲသုံးနေခဲ့တာ တော်တော်ကြာနေပါပြီ။ ကြားထဲမှာ 12.10, 13.04 နဲ့ 13.10 version သုံးခုတောင်ထွက်ခဲ့သည့်တိုင်အောင်မပြောင်းသေးပဲ Stable ဖြစ်တဲ့ LTS ကိုပဲဆက်သုံးဖြစ်နေတာပါ။ အခု လာမယ့် April ဆိုရင် နောက်ထပ် LTS version အသစ်တစ်ခုဖြစ်တဲ့ 14.04 ထပ်ထွက်တော့မှာဖြစ်တဲ့အတွက် version အသစ်ကိုမပြောင်းခင် တခြား distro လေးတွေပြောင်းစမ်းဖို့စိတ်ကူးမိတာနဲ့ပဲ နောက်ဆုံး ဒီ Elementary OS လေး စမ်းကြည့်ဖို့ ရွေးလိုက်ပါတယ်။Elementary OS က ubuntu-based distro တစ်ခုပါပဲ။ Ubuntu ကိုအခြေခံပြီး မွမ်းမံထားတဲ့ OS တစ်ခုပါ။ သူ့ကို eOS လို့ အတိုကောက်ခေါ်ကြလေ့ရှိပါတယ်။ ...

စလုံးရေ… စ ;)

Ubuntu ကိုချစ်တဲ့၊ Ubuntu ကို စိတ်ဝင်စားတဲ့ သူငယ်ချင်းများအားလုံး၊ အားလုံးပဲ… မင်္ဂလာပါ။ ကျွန်တော် အရင်က u4mm.com မှာ seriousblaze ဆိုတဲ့နာမည်နဲ့ blog post လေးတွေရေးတင်ခဲ့ဖူးပါတယ်…။ အဲဒီတုန်းကတော့ Ubuntu 10.04 LTS ကိုပဲဆွဲဆွဲမြဲမြဲသုံးနေခဲ့တာဆိုတော့ တင်သမျှ post အများစုက အဲဒီ version နဲ့ပတ်သက်ပြီးတော့ပဲ အဓိကထားရေးဖြစ်ခဲ့ပါတယ်…။ ဒါပေမယ့် အဲဒီ blog လေး ပျက်သွားပြီးနောက်ပိုင်း ရေးစရာနေရာမရှိတော့တာနဲ့ ကျွန်တော်လည်း ဆက်မရေးဖြစ်တာတော်တော်ကြာသွားပါတယ်…။ တခါတလေ မှသာ Facebook Group ထဲမှာ Notes လေးတွေးရေးတင်ဖြစ်တော့ပါတယ်…။ အခု ကိုကိုရဲက blog အသစ်ကလေးတစ်ခုထပ်ပေးတော့ မရေးမနေ ထပ်ရေးမှဖြစ်တော့မှာမို့ ဒီကနေ့စပြီး မိတ်ဆက်လိုက်တာပါ…။ ပေးထားတာတော့ တော်တော်ကြာပါပြီ။ အစကတော့ ...